AB Flex

Click image for Gallery
  • SKU:
  • Availability: In Stock
  • KS 45,000
+
-

Description

Ab flex - 45000 kyats
တခါကစားရင် ၁၀ မိနစ်ခန့် လေ့ကျင့်ခန်းသဘောမျိုး ကစားပေးရုံနဲ့ အဆီပိုတွေကျစေမဲ့အပြင် ကိုယ်လက်ညောင်းညာတာတွေ ပြေပျောက်စေမယ့် အားကစားစက်ကလေး မိတ်ဆက်ပေးပါမယ်။

ကိုယ်လက်လှုပ်ရှားနည်းပါးသူတွေ၊ အထိုင်များသူတွေ၊ နာတာရှည်သဘောမျိုး ခါးနာသူတွေအတွက် အထူးသင့်လျော်မယ့် စက်ဖြစ်ပါတယ်။

ပုံမှန် လေ့ကျင့်ခန်း အားကစားစက်တွေနဲ့ မတူတဲ့အချက်တွေ အရင်ပြောပြပါ့မယ်။
★ ပြင်းထန်ခက်ခဲ၊ ပင်ပန်းစွာကစားစရာ မလိုပဲ သက်သာ၊ အေးဆေး၊ လွယ်ကူစွာ ကစားနိုင်မှာပါ။
★ ရိုးရိုး အားကစားစက်တွေလို ကိုယ်ခန္ဓာကျစ်လျစ်စေရုံသာမက အညောင်းဖြေစက်သဘောမျိုးပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ခါးညောင်းညာခြင်းကို အညောင်းဖြေသက်သာစေမှာ ဖြစ်ပါတယ်။
★ ကောင်းမွန်ထိရောက်တဲ့ စက်ရဲ့ ဒီဇိုင်းကြောင့် ပေါ့ပါးပြီး နေရာယူမှု နည်းတဲ့အပြင် အသုံးပြုရတာ လွယ်ကူ၊ ရိုးရှင်းပါတယ်။

သမရိုးကျ အိပ်ထမတင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခါးအားကို အဓိကထား အသုံးပြုတာကြောင့် လေ့ကျင့်ခန်းလုပ်တာ အချိန်ကြာလာတာနဲ့ ခါးကို ဒဏ်ဖြစ်စေကာ ခါးနာဝေဒနာရစေပါတယ်၊ အခု စက်ရဲ့ ဒီဇိုင်းကတော့ ခါးအောက်ရင်းကနေ ပြန်တွန်းတင်ပေးတဲ့ ဒီဇိုင်းဖြစ်လို့် ခါးနာဝေဒနာ မဖြစ်စေသလို ခါးကိုလည်း နှိပ်နယ်သလို အညောင်းပြေစေနိုင်မှာပါ။

စက်ရဲ့ အများဆုံး ခံနိုင်ရည်ဝိတ်ကတော့ ပေါင် ၂၅၀ (ကီလို ၁၁၃) ဖြစ်လို့ အတော်တန် ဝ သူတွေ သက်တောင့်သက်သာ ဝိတ်ချ၊ အဆီချ နိုင်မှာဖြစ်ပါတယ်။

ဗိုက်ပတ်လည်၊ ကျော၊ ပေါင်၊ လက်မောင်းစတဲ့နေရာများကို အပေါ်မှာတင်ပေးထားတဲ့ ဗွီဒီယိုဖိုင်ထဲကလို အမျိုးမျိုး ပြောင်းလဲကစားနိုင်မှာဖြစ်ပါတယ်။

Instruction စာအုပ်ထဲမှာလည်း ကစားပုံ၊ ကစားနည်းတွေကို သရုပ်ဖော်ပုံတွေနဲ့ ဖော်ပြထားလို့ ခက်ခဲမှုမရှိဘဲ ကိုယ်တိုင်ကစားနိုင်မှာပါ။

Related Products